中文┊ English 缅文
တရုတ်-ဗီယက်နမ်-လာအိုသုံးနိုင်ငံ အဝေးပြေးလမ်းနှင့်ရထားလမ်း ပူးတွဲပို့ဆောင်ရေးလုပ်ငန်း ပုံစံသစ်ဖြင့် ဖွင့်လှစ်
Date:2017-09-20    

  မကြာမီရက်ပိုင်း၌ ကူမင်းရထားလမ်းဦးစီးဌာနလက်အောက်၏ ယူနန်ဟုန်ဟော် ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်သည် ယူနန်-ဗီယက်နမ် တစ်မီတာအကျယ်ရထားလမ်းနှင့် နယ်စပ်ဖြတ်ကျော်အဝေးပြေးလမ်း မှတစ်ဆင့် ပူးတွဲပို့ဆောင်ရေးပုံစံဖြင့် အလေးချိန် (၆၂) တန်ရှိသော သတ္တုစပ်သံမဏိတစ်သုတ်ကို အဆင်ပြေ ချောမွေ့စွာ လာအို နိုင်ငံ ဗီယန်ကျင်းမြို့သို့တင်ပို့နိုင်ခဲ့ပြီး တရုတ်-ဗီယက်နမ်-လာအိုသုံးနိုင်ငံအဝေးပြေးလမ်းနှင့် ရထားလမ်း ပူးတွဲပို့ဆောင် ရေးပုံစံသစ်ဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရပါသည်။ ၄င်းအသုတ်သတ္တုစပ်သံမဏိသည် ဟုန်ဟော်ပြည်နယ်ခွဲ မုံကျစ်မြို့၊ ယွီကော်ဖူဘူတာရုံ၌ ပစ္စည်းတင်ခြင်းဖြစ်ပြီး ယူနန်-ဗီယက်နမ် ၁ မီတာအကျယ်ရထား လမ်း တောင်စောင်း ဘူတာရုံမှ အကောက်ခွန်ရှင်းလင်းခြင်းဖြင့် နယ်စပ်မှထွက်ကာ ဗီယက်နမ်နိုင်ငံသို့ရောက်ရှိခဲ့သည်။ ထိုမှ မော်တော် ယာဉ်ဖြင့် ဗီယက်နမ် Cau Treo ဂိတ်စခန်းမှ ပြည်ထွက်ကာ လာအိုနိုင်ငံဗီယန်ကျင်းမြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ခရီးစဉ်တစ်ခုလုံးမှာ ကီလိုမီတာ(၁၀၀၀)ရှိပြီး လုပ်ငန်းလည်ပတ်ကြာချိန်မှာ (၁၂)ရက်ခန့်ဖြစ်ပါသည်။ ယခင် အဝေး ပြေးလမ်းပို့ဆောင်ရေးနှင့် နှိုင်းယှဉ်ပါက အဝေးပြေးလမ်းနှင့် ရထားလမ်း ပူးတွဲပို့ဆောင်ရေးလုပ်ငန်းပုံစံသည် ပို့ဆောင် ရေးအချိန်ကို သက်သာစေနိုင်ခြင်း၊ ပို့ဆောင်မှုဘေးကင်းလုံခြုံရေးမြှင့်တင်နိုင်ခြင်းနှင့် ကုန်စည်ပို့ဆောင်မှု အရင်းအနှီး လျော့ချပေးနိုင်ခြင်းကြောင့် ယူနန်ပြည်နယ်၏ သံမဏိပစ္စည်းများ လျင်မြန်လွယ်ကူသောနည်းဖြင့် ဗီယက်နမ်၊ လာအို နိုင်ငံများသို့ ရောက်ရှိနိုင်ခဲ့ကြောင်း သိရှိရပါသည်။

  (တရုတ်သတင်းကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)