中文┊ English 缅文
တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံတကာမာရသွန်ပြိုင်ပွဲ ကျင်းပမည်ဖြစ်
Date:2017-11-30    

  မာရသွန်ပြိုင်ပွဲကို အောက်တိုဘာလ၊ ၁၇ ရက်နေ့၊ ၁၀ နာရီမှ စတင်စာရင်းလက်ခံနေပြီဖြစ်ပြီး နိုဝင်ဘာလ၊ ၁၇ ရက်နေ့ ညနေ(၆)နာရီအထိသာ အမည်စာရင်းကို နောက်ဆုံးလက်ခံမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် တရုတ်-မြန်မာ ရွှေလီ-မူဆယ်နိုင်ငံတကာမာရသွန်ပြိုင်ပွဲအသင်းကော်မတီမှ သိရပါသည်။

  ၂၀၁၇ ခုနှစ် တရုတ်-မြန်မာ ရွှေလီ-မူဆယ်နိုင်ငံတကာမာရသွန်ပြိုင်ပွဲကို မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ တရုတ်နိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ် အားကစားဌာန၊ တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရ၊ မြန်မာနိုင်ငံမူဆယ်ဒေသန္တအစိုးရ၊ People.com.cnကွန်ယက်တို့မှ ကြီးမှူးကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွှေလီမြို့ပြည်သူ့ အစိုးရ၊ မြန်မာနိုင်ငံမူဆယ်ခရိုင်အစိုးရ၊ Sports Genomics Inc(SGI)ကုမ္ပဏီလီမိတက်တို့မှ တာဝန်ယူ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။

  ယခုအကြိမ်ကျင်းပမည့်ပြိုင်ပွဲကို ၄၂ကီလိုမီတာ၊ ၂၁ ကီလိုမီတာ၊ ၈ ကီလိုမီတာ အပြေးပြိုင်ပွဲ ဟူ၍ ခွဲခြားထား ပါသည်။ တာထွက်မည့်နေရာမှာ ကျယ်ဂေါင်ယဉ်ကျေးမှုရင်ပြင် မှ စတင်မည်ဖြစ်ပြီး ပြေးလမ်းတစ်လျှောက်တွင် ကျယ်ဂေါင်နန်းတော်ဂိတ်၊ မြန်မာကျယ်ဂေါင်ဆင်ဖြူဂိတ်၊ ကျယ်ဂေါင်တံတား၊ ရွှေလီမြစ်ရင်ပြင်၊ ရွှေလီမြို့တွင်းတို့ကို ဖြတ်သန်းသွားမည်ဖြစ်ပါသည်။ ၄၂ကီလိုမီတာတာဝေးပြေးနှင့် ၂၁ကီလိုမီတာအတွက် ပန်းဝင်နေရာကို နုန့်မော့ဟူ ပန်းခြံ၊ ၈ကီလိုမီတာအတွက် ပန်းဝင်နေရာကို ကျယ်ဂေါင်ယဉ်ကျေးမှုရင်ပြင်၌ သတ်မှတ်ထားကြောင်း သိရသည်။

  ၄၂ကီလိုမီတာနှင့် ၂၁ကီလိုမီတာအတွက် အဆင့်(၆)ဝင် အမျိုးသား၊ အမျိုးသမီး (၆)ဦးကို ရွေးချယ်မည်ဖြစ်ပြီး ပထမဆုအတွက် တရုတ်ယွမ်ငွေ(၁၀၀၀၀)ဆုချီးမြှင့်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသား မာရသွန်ပြိုင်ဝင်များအတွက် အထူး ဆုများ ပေးအပ်သွားမည်ဖြစ်ပြီး ၈ကီလိုမီတာအတွက် ပေါက်ဖော်ချစ်ကြည်ရေးဆုကို ပေးအပ်သွားမည်ဖြစ် ကြောင်းသိရပါသည်။ ပြိုင်ပွဲကို တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံတကာမာရသွန်ပြိုင်ပွဲကို

  Website: www.ruilimarathon.com တွင် စာရင်းပေးသွင်းနိုင်ပြီး ဖုန်းနံပါတ် ၁၃၅၉၀၄၇၇၇၈၅သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (တနင်္လာနေ့မှ သောကြာနေ့အထိ ၉း၀၀နာရီမှ ၁၈း၀၀နာရီအတွင်းသာ) အီးမေးလ်လိပ်စာ ruilimarathon@163.com သို့လည်း စုံစမ်းမေးမြန်းဆက်သွယ်နိုင်ကြောင်း သိရသည်။