中文┊ English 缅文
မြန်မာနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနကိုယ်စားလှယ်အဖွဲ့ တက်ဟုန်းပြည်နယ်ခွဲသို့ လေ့လာရေးခရီးစဉ် သွားရောက်
Date:2018-03-12    

  တက်ဟုန်းပြည်နယ်ခွဲ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ၊ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တက်ဟုန်းပြည်နယ်ခွဲသို့ လေ့လာရေး ခရီးစဉ် ရောက်ရှိခဲ့ပြီး စားသုံးသူရေးရာ အခွင့်အရေး ကာကွယ်ပေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်နှင့် များနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

  တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တက်ဟုန်ပြည်နယ်ခွဲနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း စားသုံး သူရေးရာဦးစီးဌာနနှင့် တက်ဟုန်းပြည်နယ်ခွဲကုန်သည်များနှင့် စက်မှုလက်မှုဌာန၊ တက်ဟုန်း ပြည် နယ်ခွဲစားသုံးသူရေး ရာ အသင်းတို့သည် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအပေါ် အချက်(၇)ချက် သဘောတူညီခဲ့ကြကြောင်းသိရှိရပါသည်။ ပထမအချက်မှာ နှစ်ဖက်မှ ချစ်ကြည်ဖလှယ်မှုမြှင့်တင်ကာ အပြန်အလှန် ဖလှယ်လေ့လာပြီး၊ စားသုံးသူအခွင့်အရေး ကာကွယ်ပေးရေး ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင် သွားကြမည်ဖြစ်သည်။ ဒုတိယ အချက်မှာ နှစ်ဖက်မှ စားသုံးသူအခွင့်အရေး ကာကွယ်ရေး ပူးပေါင်း ဆောင် ရွက်မှုများမြှင့်တင်လုပ်ဆောင်ပြီး သက်ဆိုင်ရာစားသုံးသူ အခွင့်အ ရေးအချက်အလက်ပါရှိသည့် ကုန်ပစ္စည်း၊ ကုန်သည် နှင့် ဝန်ဆောင်မှုစသည့် အချက်အလက် များကို အပြန်အလှန် သတင်းပေးပို့ခြင်း၊ တရားဝင်လုပ်ကိုင်၊ ကုန်သွယ်ရန် အားပေးခြင်း၊ နှစ်ဖက်စားသုံးသူတရားဝင်အခွင့်အရေးများ ပူးပေါင်းကာကွယ်ထိန်းသိမ်းသွားကြမည်ဖြစ်သည်။ တတိယ အချက်မှာ စားသုံးသူအခွင့်အရေးကာကွယ်ရေးလုပ်ငန်းနှင့် အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်ခြင်း၊ ဝန်ထမ်းများ လေ့လာဖလှယ်ခြင်း၊ အတွေ့အကြုံမှုများကို မြှင့်တင်သွားကြမည်ဖြစ်သည်။ စတုတ္ထအချက်မှာ စားသုံးသူ အခွင့် အရေးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရန် အတွက် အပြန်အလှန်ကူညီပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊နှစ်ဖက်စားသုံးသူများ၏ အခွင့်အရေးကို ပူးပေါင်းကာကွယ်ပေးခြင်း၊ ဝန်ထမ်းများအတွက် အခြေခံ သင်တန်း၊အဆင့်မြင့်သင်တန်းများပုံမှန်ဖွင့်လှစ် ပေးခြင်းဖြစ်သည်။ ဆဌမအချက်မှာ နှစ်ဖက်မှပူးပေါင်းဆောင်ရွက်ပြီး အများပြည်သူများကို စားသုံးသူအခွင့်အရေး ကာကွယ်မှုဆိုင်ရာ ဗဟုသုတများကို နားလည်သိရှိစေခြင်း၊ နှစ်ဖက်မှ စီမံချက်များရေးဆွဲပြီး စားသုံးသူအခွင့်အရေးဆိုင်ရာ ဗဟုသုတများ၊ နည်းပညာများကို အခြေခံသည့် စားသုံးသူ ဆိုင်ရာပညာရေးစသည့် ပူးပေါင်းဆောင်ရွက်မှု များကို လုပ်ဆောင်သွားကြမည်ဖြစ်သည်။ သတ္တမအချက်မှာ စားသုံး သူအခွင့်အရေးပူးပေါင်းဆောင်ရွက်မှုယန္တရားစနစ် ထူထောင်ခြင်း၊ စားသုံးသူအခွင့်အရေးနှင့်ကုန်စည်လုံခြုံရေးအတွက် ဘေးအန္တရာယ်ရှိသော ကုန်စည်သတင်းအချက်အလက်များကို လျင်မြန်စွာ အပြန်အလှန်သတင်းပေးပို့ အရေးယူခြင်း၊ ကုန်စည်ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ နှစ်ဖက်မှ အကောင် အထည်ဖော်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များအပေါ် ထပ်မံသဘောတူရေးထိုးသွား မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုယန္တရားကို ထူထောင်သွားကြမည်ဖြစ် ကြောင်း သိရှိရပါသည်။

  တက်ဟုန်းညီညွှတ်ရေးသတင်းစာမှ ကောက်နုတ်ဖော်ပြသည်။