中文┊ English 缅文
တရုတ်-အာဆီယံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးနှစ်ကို မင်္ဂလာတံခါးဖွင့်ကြိုဆို
Date:2017-09-20    

  မကြာသေးမီရက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သော အာဆီယံခရီးသွားဖိုရမ်တွင် စင်ကာပူခရီးသွားဦးစီးဌာနမှ တရုတ် ဈေးကွက်အတွင်း လွတ်လပ်စွာခရီးသွားလိုသောခရီးသည်များအတွက်သင့်လျော်သော အခမဲ့ခရီးစဉ်ကို တိုးချဲ့မြှင့်တင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထိုခရီးစဉ်တွင် စင်ကာပူမြို့ပြပြတိုက်၊ စင်ကာပူမြို့ အနုပညာ ပြခန်းစသည်တို့ ပါဝင်ပြီး ပိုမို များပြားသော တရုတ်ခရီးသည်များကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရပါ သည်။ တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သော River Hongbaoလှုပ်ရှားပွဲကြီးကို တရုတ်နှစ်သစ်ကူးကာလအတွင်း ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်လျက်ရှိပြီး ရေပေါ်စင်မြင့်ပေါ်ရှိ လှပသောပန်းမီးများ၊ တောက်ပသော မီးရှုးပန်းများ၊ ရှုမောဖွယ်ရာ အဆိုအကဖျော်ဖြေမှုများမှာ စင်ကာပူနိုင်ငံမှ ကမ္ဘာတစ်ဝှမ်းရှိခရီးသည်များကို တင်ဆက်ပြသသည့် နှစ်သစ်ကူးပွဲတော်အစီအစဉ်များဖြစ်ကြောင်း သိရပါသည်။

  ယခုလက်ရှိတွင် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံတို့သည် အပြန်အလှန်အရေးပါသော ခရီးသွား အရင်းအမြစ်ဖြစ်ကြ ပြီး နှစ်ဦးနှစ်ဖက်၏ ခရီးသွားဧည့်သည်အရေအတွက်မှာလည်း အဆက်မပြတ်မြှင့်တက်လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ် တွင် နှစ်ဦးနှစ်ဖက်၏ အပြန်အလှန်ခရီးလည်ပတ်မှုအရေအတွက်မှု (၂၃.၆၄)သန်ခန့်ဖြင့် စံချိန်တင်ခဲ့ကြောင်း သိရပါ သည်။ ၂၀၁၆ ခုနှစ် တတိယသုံးလပတ်တွင် နှစ်ဦးနှစ်ဖက်၏ အပြန်အလှန်ခရီးသည်ဝင်ရောက်မှုမှာ (၂၂)သန်းခန့်ရှိပြီး အပတ်စဉ် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံအသီးသီးသို့ လေကြောင်းခရီးစဉ်(၂၇၀၀)ကြိမ်ခန့်ရှိကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ၏ အကြီးမားဆုံးသော ခရီးသည်အရင်းအမြစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ အဓိက ခရီးသည်အရင်းအ မြစ်ရရှိရာနိုင်ငံ (၁၅)နိုင်ငံအတွင်း အာဆီယံနိုင်ငံ(၆)နိုင်ငံသည်လည်း အပါအ၀င်ဖြစ်ကြောင်း သိရ ပါသည်။ တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများမှာ ခရီးသွားလုပ်ငန်းတိုးချဲ့မြှင့်တင်မှု၊ ခရီးသွားဈေးကွက်နှင့်စီမံခန့်ခွဲမှု၊ ခရီး သွား ထုတ်ကုန်နှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်မှုပုံစံ၊ လူ့အရင်းအမြစ်သင်တန်း၊ ခရီးသွားအခြေခံအဆောက်အအုံစသည့် ကဏ္ဍများတွင် ပုံစံမျိုးစုံဖြင့် အကျိုးသက်ရောက် မှုသိသာထင်ရှားသော ဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ် လျက်ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအ သီးသီးမှ ပြည်သူပြည်သားအချင်းချင်း ပိုမိုရင်းနှီးလာရန်နှင့် ချစ်ကြည် ရေးပိုမိုခိုင်မာလာရန်အတွက် မြှင့်တင်လုပ် ဆောင်သွားမည်ဖြစ်ပါသည်ဟု အာဆီယံနိုင်ငံအခြေစိုက် တရုတ်နိုင်ငံခြား ရေးရာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Mr. Xu Bu မှပြောကြားခဲ့ပါသည်။

  တရုတ်-အာဆီယံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးနှစ်ကို အကောင်အထည်ဖော်ရန်အတွက် ယခုနှစ်တွင် နှစ်ဦးနှစ်ဖက်မှ ပထမအကြိမ်မြောက် တရုတ်-မြန်မာခရီးသွားဝန်ကြီးအစည်းအဝေးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံ ယန္တရားများကို သတ်မှတ်ရေးဆွဲသွားမည်ဖြစ်ပါသည်။ တရုတ်-အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင် ရွက်မှုစီမံကိန်း တရားဝင်ထုတ်ပြန်သွားကာ နှစ်ဦးနှစ်ဖက်ခရီးသွားအဆင့်မြင့်ပုံစံပူးပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့အစည်း ဆိုင်ရာယန္တရားရေးဆွဲ သတ်မှတ်မှုများကို ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံအကြား ခရီးသွားလာမှု၊ ဖလှယ်မှုနှင့် ထုတ်ပြန်ကြေညာမှုဆိုင်ရာ လှုပ်ရှားမှုများကို ကျင်းပပြုလုပ် သွား မည်ဖြစ်ကာ တရုတ်နိုင်ငံနှင့် အာဆီယံပြည်သူပြည်သားများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော နယ်စပ်ဖြတ်ကျော် ခရီးသွား ထုတ်ကုန်နှင့်လမ်းကြောင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ခရီးသည်ဝင်ရောက်မှု အရေအတွက်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  paper.people.com.cn မှ ကောက်နုတ်ဖော်ပြသည်။