中文┊ English 缅文
ယူနန်ပြည်နယ်မှ တောင်အာရှသို့ လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ထိုးဖောက်မှုအောင်မြင်
Date:2017-09-20    

  ကူမင်းလေဆိပ်မှ လေကြောင်းလိုင်းအသစ်အဖြစ် ဒါကာ၊ နယူးဒေလီ၊ မွမ်ဘိုင်း စသည့်မြို့များသို့ နိုင်ငံတကာ လေကြောင်းလိုင်းသစ်(၃) ခု ပြေးဆွဲခဲ့ကြောင်း သိရပါသည်။

  ကူမင်းလေဆိပ်မှ အသစ်ဖွင့်လှစ်လိုက်သော ကူမင်း-ဒါကာ၊ ကူမင်း-နယူးဒေလီ၊ ကူမင်း-မွမ်ဘိုင်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်(၃)လိုင်း ပြေးဆွဲနိုင်ခြင်းသည် ယူနန်ပြည်နယ်မှ တောင်အာရှလေကြောင်း ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်း၏ အောင်မြင်မှု အမှတ်လက္ခဏာပင်ဖြစ်ပါသည်။

  အဆိုပါအသစ်ပြေးဆွဲသော နိုင်ငံတကာလေကြောင်းလိုင်း(၃)လိုင်းသည် Uni-Top လေကြောင်းကုမ္ပဏီမှ ပြေးဆွဲ ခြင်း ဖြစ်ပါသည်။ ကူမင်းမှဒါကာသို့ တစ်ပတ်လျှင် (၆) ကြိမ်ပြေးဆွဲပြီး ပို့ကုန်များသည် အဓိက အားဖြင့် အထည်ချုပ် ကုန်ကြမ်းပစ္စည်း၊အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ အထည်အလိပ်များဖြစ်ပြီး သွင်းကုန်မှာ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်လုပ်ထွက်ရှိသော လတ်ဆတ်ကုန်စည်များဖြစ်ပါသည်။ ကူမင်းမှ မွမ်ဘိုင်း၊ ကူမင်းမှ ဒေလီ လေကြောင်းကို တစ်ပတ်လျှင် (၃) ကြိမ်ပြေးဆွဲလျက်ရှိပြီး ပို့ကုန်များမှာ အဓိကအားဖြင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ ဖြစ်ပြီး သွင်းကုန်များမှာ အိန္ဒိယနိုင်ငံထုတ် ဆက်စပ်ပစ္စည်းနှင့် ကုန်တစ်ဝက်ချောပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါလေကြောင်းလိုင်း သုံးလိုင်းကို မော်ဒယ်လ်အမှတ် A300 - 600 ကုန်စည်တင်ပို့လေယာဉ်ဖြင့် အသုံးပြု ပြေးဆွဲ လျက်ရှိပြီး ထိုလေယာဉ်အမျိုးအစား အများဆုံးသယ်ယူနိုင်သောတန်ချိန်မှာ(၄၈)တန်ဖြစ်ပါသည်။ ကုန်စည်အပြည့်တင် အကြီးဆုံးလေကြောင်းခရီးစဉ်မှာ (၆)နာရီဖြစ်ပြီး ကူမင်းလေဆိပ်မှထွက်ခွာကာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသည့် တောင်အာရှနိုင်ငံများ၏ အရေးပါသောမြို့များသို့ ဖြတ်သန်းမည်ဖြစ်သည်။ ကူမင်းလေဆိပ်သည် တောင်အာရှ၊ အရှေ့ တောင်အာရှနိုင်ငံရှိ လေဆိပ်များအား ဆက်သွယ်ပေးထားသောအရေးပါသည့်လေဆိပ်ဖြစ်ပြီး ကူမင်းလေဆိပ်လေ ကြောင်း ကုန်စည်ပို့ဆောင်မှုဈေးကွက် ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးကွက်လပ်ကို အားဖြည့်ပေးနိုင်ခဲ့ပါသည်။

  'ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု' တည်ဆောက်မှုမြင့်တင်ခြင်းနှင့်အတူ ကူမင်းမြို့သည် ၄င်း၏ ထူးခြားသော ပထဝီအနေအထား အားသာချက်ဖြင့် တရုတ်နိုင်ငံအတွက် 'ရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခု' တစ်လျှောက်ရှိနိုင်ငံ နှင့် ဒေသများအား ဆက်သွယ်ပေးသော အရေးပါသည့်အချက်အချာဒေသတစ်ခုဖြစ်ပြီး ကူမင်းလေဆိပ်သည် နိုင်ငံ တကာလေကြောင်း ကုန်စည်ပို့ဆောင်ရေး အချက်အချာအဖြစ် သိသာထင်ရှားလာခဲ့ပါသည်။ ထပ်တစ်ဆင့် အနေဖြင့် ကူမင်းလေဆိပ် အချက်အချာတည်ဆောက်မှုနှင့် ဘက်ပေါင်းစုံသယ်ယူပို့ဆောင်ရေး အချက်အချာ လမ်းကြောင်း တည်ဆောက်မှုအပေါ် အလေးထားမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လေကြောင်းကုန်စည်စီးဆင်းမှု သိုလှောင် အ ဆောက်အအုံတည်ဆောက်မှုပြီးပြည့်စုံခြင်း၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးလေဆိပ်ဘက်စုံစွမ်း ဆောင်ရည်မြင့် တင်မှုအာမခံခြင်း၊ကုန်စည်ပို့ဆောင်ရေးလေကြောင်းဖွံ့ဖြိုးတိုးတက်မှုပြုလုပ်ဆောင်ရွက်ခြင်း၊ကမ္ဘာတစ်ဝန်းလေကြောင်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ချိတ်ဆက်ခြင်းကို ကြိုးပမ်းတည်ဆောက်သွားမည် ဖြစ်ကြောင်း ယူနန်လေဆိပ် ကုမ္ပဏီအုပ်စု သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

  (ယူနန်ကွန်ယက်မှကောက်နှုတ်ဖော်ပြသည်)