中文┊ English 缅文
တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်း ကွမ်တာ့ရထားလမ်း၏ အရှည်ဆုံးဥမင်လိုဏ်ခေါင်းဆောက်လုပ်မှုပြီးစီး
Date:2017-09-20    

  တရုတ်နိုင်ငံ အမှတ်(၁၂)ရထားဦးစီးဌာနမှ အကောင်အထည်ဖော်ဆောက်လုပ်သည့် တရုတ်-မြန်မာနိုင်ငံတကာ မီးရထားလမ်းဖြစ်သည့် ကွမ်ထုံး-တာ့လီမီးရထားလမ်းတိုးချဲ့ပြုပြင်မှုစီမံကိန်း၏ အရှည်ဆုံး ဥမင်လိုဏ်ခေါင်း ဖူဖုန် အမှတ်(၁)မှာ စတင်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် ရထားလမ်းဖွင့်လှစ်ပြေးဆွဲသွားရန်အတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ချမှတ်နိုင်ခဲ့ပါသည်။ ထို့အပြင် ကူမင်းမှ တာ့လီသို့ မြို့ချင်းဆက် အကွာအဝေး တို ရထားဖြင့် သွားလာနိုင်မည် ဖြစ်ကာ ခရီးစဉ်မှာ (၂)နာရီဝန်းကျင်သာ လိုအပ်မည်ဖြစ်ကြောင်း သိရပါသည်။

ကွမ်ထုံး-တာ့လီရထားလမ်းတိုးချဲ့ပြုပြင်မှုတည်ဆောက်မှုမှာ စုစုပေါင်း(၁၇၅)ကီလိုမီတာကွာဝေးပြီး သတ်မှတ်ထား သော မြန်နှုန်းမှာ ၂၀၀ကီလိုမီတာဖြစ်ကာ တံတား၊ လိုဏ်ခေါင်းပါဝင်နှုန်းမှာ ၆၃%ဖြစ်ပြီး နိုင်ငံတော် ပထမအဆင့် နှစ်လိုင်းသွား လျှပ်စစ်ရထားလမ်းဖြစ်ပါသည်။ အဆိုပါရထားလမ်းမှာ အရှေ့ဘက်တွင် ချိန်တူး-ကူမင်းရထားလမ်းဖြင့် ချိတ်ဆက်ထားပြီး အနောက်ဘက်တွင် တာ့လီ-ရွှေလီရထားလမ်းနှင့် တာ့လီ-လင်ချန်းရထားလမ်းဖြင့်ဆက်သွယ်ထားပါ သည်။ ဆောက်လုပ်ပြီးစီးပြီးနောက် ယူနန်အနောက်ပိုင်းဒေသ၏ သယ်ယူပို့ဆောင်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်း နိုင်မည်ဖြစ်ကာ ယူနန်ပြည်နယ်မှ အနောက်ဘက်သို့ ပြည်ထွက်လမ်းကြောင်းတည်ဆောက်နိုင်မည်ဖြစ်ကာ ယူနန်ပြည် နယ်အနောက်ပိုင်းဒေသ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားနိုင်မည်ဖြစ်သည်။ အဆိုပါ ရထားလမ်းကြောင်း သည် ယူနန်ပြည်နယ်ဝန်ဆောင်မှုကို မြှင့်တင်ပေးနိုင်ပြီး နိုင်ငံတော်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု မဟာဗျူဟာစီမံကိန်းအတွက် အရေးပါလှကြောင်း သိရပါသည်။

  www.yunnan.cn မှ ကောက်နုတ်ဖော်ပြသည်။