中文┊ English 缅文
ရွှေလီလေဆိပ်မှ စိန်ရန်-ဖူကျိုး-မန်စီ လေကြောင်းလိုင်းသစ် ဖွင့်လှစ်
Date:2017-11-30    

  အောက်တိုဘာလ၊ ၂၉ ရက်နေ့တွင် ခရီးသည်အပြည့်တင်ဆောင်လာသော ဘိုအင်း ၇၃၇ ခရီးသည်တင်လေ ယာဉ်သည် တက်ဟုန်းပြည်နယ်ခွဲ မန်စီလေဆိပ်သို့ ဆင်းသက်ခဲ့ပါသည်။ ဤသည်မှာ ဆောင်းရာသီးနှင့် နွေဦးရာသီ ကူးပြောင်းပြီးနောက် ရွှေလီလေဆိပ်တွင် စိန်ရန်-ဖူကျိုး-မန်စီလေကြောင်းလိုင်းသစ်ပြေးဆွဲဖွင့်လှစ်တော့မည်ကို ရည် ညွှန်းနေခြင်းဖြစ်ပါသည်။ ထိုအနက် မန်စီ-ဖူကျိုး၊ မန်စီ-စိန်ရန်မှာ ရွှေလီလေဆိပ်တစ်ခုတည်း သီးသန့် ပြေးဆွဲသော လေကြောင်းလိုင်း ဖြစ်လာတော့မည်ဖြစ်သည်။ ဤလေကြောင်းလိုင်းပြေးဆွဲပြီးနောက် နယ်စပ်ဒေသမှ အရှေ့တောင် ကမ်းရိုးတန်းဒေသသို့ သွားရောက်ဖြတ်သန်းနိုင်သော လေပေါ်တံတားဖြစ်လာမည်ဖြစ်ပြီး တက်ဟုန်းပြည်နယ်ခွဲ ခရီး သွားလာရေးနှင့် ကုန်သွယ်စီးပွားမြှင့်တင်တိုးတက်မှုအပေါ် အရေးပါသော အကျိုးသက်ရောက်မှုများရှိစေကြောင်း သိရ သည်။