中文┊ English 缅文
ရွှေလီတွင် တရုတ်-မြန်မာနေ့ချင်းပြန်ခရီးသွားဦးရေ တိုးတက်များပြားလာ
Date:2018-03-12    

  တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့တွင် နေ့စဉ် ခရီးသွားဧည့်များသည် ရွှေလီ နယ်စပ် ဂိတ်နိုင်ငံတော်တံခါးပေါက်ရှေ့တွင် ကြည့်ရှုလေ့လာလည်ပတ်ခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်နေကြ သည်။ နယ်စပ်ဂိတ် Duty Free Shop ဆိုင်များနှင့် နိုင်ငံတကာကုန်သွယ်ရေးစင်တာတို့တွင်လည်း အလွန်ပင် စည်ကား သိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

  ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ရွှေလီမြို့သည် စံပြစီမံကြီးကြပ်မှု၊ ရိုးသားမှန်ကန်စွာဝန်ဆောင်မှု၊ ကျန်းမာစွာ ဖွံ့ဖြိုး တိုးတက်မှုဟူသော ခေါင်းစဉ်ဖြင့် နယ်စပ်ခရီးသွားစံပြစီမံကြီးကြပ်မှုလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ နယ်စပ် ခရီး သွားအထူးစီမံကိန်းကြီးကြပ်ရေး လှုပ်ရှားမှုမှတစ်ဆင့် ခရီးသွားစီးပွားရေးလုပ်ငန်းနှင့် နယ်စပ်ခရီးသွား ဝန်ဆောင်မှု တို့ကို ထပ်တစ်ဆင့် ပိုမိုစနစ်ကျစေခဲ့ပြီး နယ်စပ်ခရီးသွားပတ်ဝန်းကျင်ကို ပိုမိုသန့်ရှင်းသန့်ရပ်စေရန် ကြိုးပမ်းလုပ် ဆောင်လျက်ရှိကြောင်း သိရသည်။ အောက်တိုဘာလကုန်အထိ ရွှေလီ တရုတ်-မြန်မာ နယ်စပ် နေ့ချင်းပြန်ခရီးတွင် ခရီးသွားအဖွဲ့ပေါင်း(၃၅၀)ကျော် လာရောက်လေ့လာလည်ပတ်ခဲ့ကာ ခရီးသွားဦးရေ (၁၅၀၀၀)ခန့် ရှိကြောင်း သိရ သည်။ တရုတ်-မြန်မာနေ့ချင်းပြန်ခရီးစဉ်သည် ခရီးသွားများ၏ ကြိုက်နှစ်သက်မှုကို လက်ခံရရှိခဲ့ပြီး ခရီးသွား ဧည့်သည် ကြိုဆိုလက်ခံမှုမှာလည်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာလျက်ရှိကြောင်း သိရသည်။

  www.yunnan.cn မှကောက်နုတ်ဖော်ပြသည်။