中文┊ English 缅文
တရုတ်-မြန်မာနှစ်နိုင်ငံမှ ဇီဝမျိုးကွဲထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆွေးနွေး
Date:2017-09-20    

  မကြာသေးမီရက်ပိုင်းက "တရုတ်-မြန်မာနယ်စပ် မြောက်ပိုင်းဒေသဇီဝမျိုးကွဲကာကွယ်ထိန်းသိမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း" ဆွေးနွေးပွဲကို ကူမင်းမြို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံမှ မြန်မာနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်း၊ တရုတ်နိုင်ငံ နုကျန်း၊ ပေါင်စန်းဒေသရှိ ဇီဝမျိုးကွဲ ကာကွယ် ထိန်းသိမ်းရေးနှင့် လက်ရှိဖွံ့ဖြိုးတိုး တက်မှုအခြေအနေများအပေါ် ဖလှယ်မှုများပြုလုပ်ခဲ့ပြီး ကာကွယ်ထိန်းသိမ်းရေး နှင့်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများ၊ နယ်စပ်ဖြတ်ကျော်ကိစ္စရပ်များကို ဆွေးနွေးသွားခဲ့ကြောင်း သိရပါသည်။

  နှစ်နိုင်ငံမှ တရုတ်-မြန်မာနယ်စပ် မြောက်ပိုင်းဇီဝမျိုးကွဲထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အပေါ် သဘောတူညီချက်များ ရရှိခဲ့ပြီး နှစ်ဦးနှစ်ဖက်မှ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည် ဖြစ်ကာ တရားမဝင်အမဲလိုက်ခြင်း၊ တရားမ၀င်သစ်ခုတ်ခြင်းတို့ကို ထိန်းချုပ်သွားမည်ဖြစ်ကာ ဇီဝအရင်းအမြစ် တရားမ၀င် ကုန်သွယ်မှုများကို ထိန်းချုပ်ကာကွယ်သွားမည်ဖြစ်သည့်အပြင် တောမီး ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်မှုဆိုင် ရာ သတင်းအချက်အလက်ဆက်သွယ်ရေးယန္တရားများကို ထူထောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အတူ ပူးပေါင်း အကောင်အထည်ဖော်သည့် မူဘောင်အောက်တွင် သက်ဆိုင်ရာဒေသများ၏ အဓိကမျိုးစိတ်များနှင့် ၎င်းတို့၏ ကျက်စားရာမူရင်းဒေသအပေါ် ကာကွယ်စောင့်ရှောက်မှုနှင့် စောင့်ကြည့်လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ သုတေသနပြုပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားကာ ဇီဝမျိုးကွဲကာ ကွယ်စောင့်ရှောက်မှုနှင့် သဘာဝအရင်းအမြစ် အသုံးပြုဆိုင်ရာ ကိန်းဂဏန်းများနှင့် သတင်းအချက်အလက်များကို မျှ ဝေသွားမည်ဖြစ်ပါသည်။ နယ်စပ်ဒေသ အသက် မွေးဝမ်းလုပ်ငန်းရေရှည်ခိုင်မြဲစေရန်နှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ကာ ချမ်းသာကြွယ်ဝစေရန်အတွက် မြှင့်တင် လုပ် ဆောင်သွားမည်ဖြစ်ကာ ကာကွယ်ရေးဇုန်နှင့် ဒေသခံလူမှုဘဝ အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  (ယူနန်နေ့စဉ်သတင်းစာမှ ကောက်နုတ်ဖော်ပြသည်။)