中文┊ English 缅文
ဘွဲ့ရနိုင်ငံခြားကျောင်းသားကျောင်းသူများအတွက် သတင်းကောင်း တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ပြီဖြစ်
Date:2017-09-20    

  မကြာသေးမီရက်ပိုင်းက တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့်လူမှုဖူလုံရေးရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ထူးချွန်သော ဘွဲ့ရနိုင်ငံရပ်ခြားကျောင်းသားကျောင်းသူများ တရုတ်နိုင်ငံတွင် အ လုပ်လုပ်ကိုင်ခွင့်ပြုမှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး တချို့သော လုပ်ငန်းအတွေ့အကြုံမရှိသည့် ထူး ချွန်သောဘွဲ့ရနိုင်ငံခြားကျောင်းသားကျောင်းသူများ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်သွားနိုင်ရန် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

  အောက်ပါအချက်အလက်များဖြင့်ပြည့်စုံပါက တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

  အဆင့်မြင့်တက္ကသိုလ်မှဘွဲ့ရထားသော နိုင်ငံခြားကျောင်းသားကျောင်းသူများအပါအ၀င် ဘွဲ့ရပြီးတစ်နှစ်ဖြစ်သော တရုတ်ပြည်တွင်းတက္ကသိုလ်များမှ မဟာဘွဲ့ သို့မဟုတ် မဟာဘွဲ့နှင့်အထက်ဒီဂရီရရှိထားသော နိုင်ငံခြားကျောင်းသား ကျောင်းသူများ၊ ပြည်ပနာမည်ကျော်တက္ကသိုလ်များတွင် မဟာဘွဲ့သို့မဟုတ် မဟာဘွဲ့နှင့်အထက်ဒီဂရီရရှိထားသော နိုင်ငံခြားကျောင်းသားကျောင်းသူများဖြစ်ရမည်ဖြစ်သည်။

  အောက်ပါအချက်အလက် အခြေအနေများနှင့်ကိုက်ညီရမည်ဖြစ်သည်။

  (၁) အသက်(၁၈)နှစ်ပြည့်ပြီး ကျန်းမာသန်စွမ်းသူဖြစ်ရမည်။

  (၂) ပြစ်မှုကျူးလွန်ထားသည့် မှတ်တမ်းမရှိရပါ။

  (၃) ပညာရေးထူးချွန်သူဖြစ်ရမည်။ ပျှမ်းမျှရမှတ် (၈၀)မှတ်ဖြစ်ရမည်(အမှတ်ပြည့် ၁၀၀ စနစ်၊ အခြားသော တွက်ချက် စနစ်ကိုလည်း အမှတ်(၁၀၀)တွက်ချက်နည်းဖြင့် ဖြေရှင်းတွက်ချက်သွားမည်ဖြစ်သည်။)သို့မဟုတ် B+/B အထက်(စ သည့်အဆင့်သတ်မှတ်စနစ်)ရရှိသူဖြစ်ရမည်ဖြစ်သည့်အပြင် ကျောင်းတက်စဉ်အတွင်း အခြားမည်သည့် မကောင်းမွန်သည့်အပြုအမူ မှတ်တမ်းမရှိသူဖြစ်ရမည်။

  (၄) သက်ဆိုင်ရာ ပညာအဆင့်အတန်းနှင့် ဒီဂရီများရရှိထားသူဖြစ်ရမည်။

  (၅) အလုပ်ခန့်အပ်နိုင်မည့်နေရာအတိအကျရှိရမည်ဖြစ်ပြီး လုပ်ကိုင်မည့်လုပ်ငန်းမှာ သင်ယူထားသော အထူးဘာ သာရပ်နှင့် ကိုက်ညီရမည်ဖြစ်သည်။

  (၆) တရားဝင်နိုင်ငံကူးလက်မှတ်သို့မဟုတ် နိုင်ငံကူးလက်မှတ်ကိုအစားထိုးနိုင်မည့် အခြားနိုင်ငံတကာခရီးသွား စာရွက်စာတမ်းများ ကိုင်ဆောင်ထားသူဖြစ်ရမည်။

  အောက်ပါအချက်အလက်များကို သိရှိထားရန် လိုအပ်ပါသည်။

  အလုပ်ခန့်အပ်မည့်လုပ်ငန်းဌာနများသည် တောင်းဆိုချက်စံနှုန်းများဖြင့်ကိုက်ညီသော ဘွဲ့ရနိုင်ငံခြားကျောင်းသား ကျောင်း သူများကိုသာ ခန့်အပ်ရမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုလုံခြုံရေးဌာန သို့မဟုတ် နိုင်ငံခြား ကျွမ်းကျင်ပညာရှင်ကြီးကြပ်စစ်ဆေးရေးဌာနသို့ သွားရောက်၍ ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်သည်။ နိုင်ငံခြားသား များ၏လုပ်ငန်းလုပ်ကိုင်မှု တရားဝင်သက်တမ်းမှာ ပထမဆုံးအနေဖြင့် (၁)နှစ်သတ်မှတ်ထားပါသည်။ ဘွဲ့ရ နိုင်ငံခြား ကျောင်းသား ကျောင်းသူများ၏ လုပ်ကိုင်ခွင့်သက်တမ်းပြည့်သွားပြီး အလုပ်ခန့်အပ်သောလုပ်ငန်းဌာနမှ ဆက်လက် ခန့်အပ်လိုပါက စည်းကမ်းချက်များနှင့်အညီ စစ်ဆေးအတည်ပြုမှုလုပ်ငန်းစဉ်များကို လျှောက်ထားတောင်းဆိုပြီးပါက ဆက်လက် အလုပ်ခန့်အပ်နိုင်မည်ဖြစ်ကာ ခွင့်ပြုသက်တမ်းမှာ (၅)နှစ်ထက်မကျော်လွန်ရကြောင်း သိရပါသည်။

  ဘွဲ့ရ နိုင်ငံခြားကျောင်းသားကျောင်းသူများ ပေးဆောင်ရမည့် ပုဂ္ဂိုလ်ရေးဝင်ငွေအခွန်မှာ ရည်မှန်းဝင်ငွေပေးဆောင် ရမည့် အခွန်ငွေထက်နည်းနေခြင်း၊ သို့မဟုတ် အလုပ်ခန့်အပ်သော လုပ်ငန်းဌာနမှ ပေးဆောင်သောလခမှာ သတ်မှတ် စံနှုန်းထက်နည်းနေပါက လုပ်ကိုင်ခွင့်ကို သက်တမ်းတိုးပေးသွားမည်မဟုတ်ပေ။ ဘွဲ့ရ နိုင်ငံခြားကျောင်းသားကျောင်းသူ များ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်းကို ဝေခွဲကန့်သတ်မှုပမာဏဖြင့် စီမံထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရပါ သည်။

  www.gov.cnမှ ကောက်နုတ်ဖော်ပြသည်။