中文┊ English 缅文
တရုတ်နိုင်ငံ ပြည်ဝင်ပြည်ထွက် အရည်အသွေးနှင့် ရောဂါပိုးမွှား စစ်ဆေးခြင်းအတွက် အခကြေးငွေကောက်ခံမှုရပ်ဆိုင်း
Date:2017-09-20    

  တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်ပြုပြင်ပြောင်းလဲမှုကော်မတီတို့မှ ပူး ပေါင်း ထုတ်ပြန်သော စီမံအုပ်ချုပ်မှုဆိုင်ရာ အခကြေးငွေကောက်ခံမှုကို ရှင်းလင်းသတ်မှတ်ခြင်းနှင့် ပတ်သက်သည့် မူဝါဒ ထုတ်ပြန်ချက်တွင် ပြည်ဝင်ပြည်ထွက် အရည်အသွေးနှင့် ရောဂါပိုးမွှားစစ်ဆေးခြင်းအတွက် အခကြေးငွေ ကောက်ခံမှုအပါအဝင် ဗဟိုအုပ်ချုပ်ရေးမှသတ်မှတ်ထားသော စီမံအုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာ အခကြေးငွေ ကောက်ခံမှု (၄၁)ခုတို့အား ဧပြီလ၊ ၁ရက်နေ့မှစတင်၍ အခကြေးငွေကောက်ခံမှုကို ပယ်ဖျက်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းများ ပြုလုပ်သွားရန် ပါဝင် ကြောင်း သိရပါသည်။ အရည်အသွေးနှင့်ရောဂါ ပိုးမွှားစစ်ဆေးခြင်းအခကြေးငွေကောက်ခံခြင်းကို ရပ်တန့်လိုက်ခြင်း အားဖြင့် အသား၊ ပင်လယ်စာ၊ သစ်သီးစသည့် တင်သွင်း၊ တင်ပို့မှုလုပ်ငန်းအတွက် အရင်းအနှီး ကုန်ကျစရိတ် လျှော့နည်းစေသည့်အကျိုးကို ခံစားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

  www.fishfirst.cn မှ ကောက်နုတ်ဖော်ပြသည်။