中文┊ English 缅文
လှပသောကျောက်များ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမြင့်တက် ယူနန်နန်ဟုန်ကျောက်ဈေးနှုန်းမြင့်တက်မှု မြန်ဆန်
Date:2017-09-20    

  ရှေးယခင်ကတည်းက ယူနန်ပြည်နယ်သည် ကျောက်စိမ်း ကျောက်မျက်ရတနာများ ထွက်ရှိပြီး ကျောက်မျက် ကုန်သွယ်မှုပြုလုပ်ရာဒေသတစ်ခုအဖြစ် နာမည်ကြီးခဲ့ကြောင်းသိရပါသည်။ မျက်မှောက်ကာလတွင် ယူနန်ပြည်နယ် သည် တရုတ်နိုင်ငံ၏အရေးပါသောကျောက်မျက်ရတနာများထွက်ရှိရာနေရာ ဒေသတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာပေါ် တွင် ကျောက်မျက်ရတနာအမျိုးပေါင်း (၂၀၀) ကျော်ခန့်ရှိသည့်အနက် အမျိုးပေါင်း(၅၀)ကျော်သည် ယူနန်ပြည်နယ်မှ ထွက်ရှိကြောင်း သိရပါသည်။ ယူနန်ဒေသမှ ထွက်ရှိသည့် ကျောက်မျက်အမျိုးပေါင်း (၂၀) ကျော်သည် မျက်မှောက် ခေတ်ကာလတွင် အမည်ကျော်လူကြိုက်များလျက်ရှိရာ နန်ဟုန်ကျောက်၊ ပတ္တမြား၊နီလာ၊ မြ၊ Spinel ၊ Tourmaline၊ ဂေါ်မုတ်နီ (Garnet) စသည့်ကျောက်များ အပါအ၀င်ဖြစ်ကြောင်းသိရပါသည်။

  နန်ဟုန်ကျောက်သည် ယခုနှစ်ပိုင်းတွင် ဈေးနှုန်းမြင့်တက်မှု လျင်မြန်ဆုံးသော ကျောက်မျက်ရတနာတစ်မျိုး ဖြစ်ပြီး နန်ဟုန်ကျောက်မှာမူ လူအများနှင့်ရင်းနှီးပြီးသား ကျောက်တစ်မျိုးဖြစ်ပါသည်။ နန်ဟုန်မားနှောက်ကျောက်ကို အစော ဆုံး ရှာဖွေတွေ့ရှိခဲ့သောဒေသမှာ ယူနန်ပြည်နယ်ပေါင်ဆန်းဒေသဖြစ်ကာ နန်ဟုန်ကျောက်ရောင်းဝယ်သူများအတွက် အများဆုံးသွားလာခဲ့သည့်နေရာဒေသဖြစ်ကြောင်း သိရပါသည်။

  တရုတ်ရိုးရာထုံးစံများတွင် အနီရောင်သည် မင်္ဂလာရှိသောအရောင်အဖြစ် သတ်မှတ်ထားရာ ယခုနှစ်ပိုင်း များတွင် နန်ဟုန်ကျောက်သည် လူအများ၏ နှစ်သက်ခြင်းကို ပိုမိုရရှိခဲ့ပါသည်။ ယနေ့ ပေါင်ဆန်းဒေသ၌ပင် ရှာဖွေ တွေ့ရှိရခက်ခဲလှသော ပေါင်ဆန်းထွက် နန်ဟုန်ကျောက်များကို နှစ်သက်သူများသည် မိုင်သောင်းပေါင်းဝေးကွာလှ သော ပေါင်ဆန်းသို့ ရောက်ရှိလာဆဲပင်ဖြစ်သည်။ ပေါင်ဆန်းထွက် နန်ဟုန်ကျောက်များကို ရှာဖွေရရှိရန်အတွက် ဖြစ် ပါသည်။

  ယူနန်ပြည်နယ်တွင် Malachite ကျောက်၊ သံလွင်ဆီရောင်ရှိကျောက် (Olivine)၊ ဂေါ်မုတ်နီကျောက် (Garnet)၊ဂေါ်မိတ်ကျောက် (Zircon) စသည့် ကျောက်များလည်း ရှိနေသေးပြီး ထိုသို့လှပသော ကျောက်များရှိသော ကြောင့် ယူနန်ဒေသသည် ရင်းနှီး မြှုပ်နှံသူများနှင့် စုဆောင်းသိမ်းဆည်းသူများအတွက် နက်ရှိုင်းစွာလာရောက် လေ့လာ ရကျိုးနပ်သည့် ဒေသတစ်ခုဖြစ်ကြောင်း သိရပါသည်။

  (တရုတ်စီးပွားရေးသတင်းကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)