中文┊ English 缅文
လာမည့်ငါးနှစ်အတွင်း ယူနန်ကျောက်လုပ်ငန်း၏ ထုတ်လုပ်မှုတန်ဖိုး ယွမ်ငွေ (၁၆၀) ဘီလီယံကျော်ထိရောက်ရှိနိုင်
Date:2017-09-20    

  ဇန်န၀ါရီလ၊ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော "ယူနန်ပြည်နယ်ကျောက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအစည်းအဝေး ဒုတိယအကြိမ်မြောက်အမှုဆောင်ကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေး" ဖော်ပြချက်အရ၊ ယူနန်ပြည်နယ် မြေအရင်းအမြစ်ဌာန၏ တာဝန်အပ်နှင်းမှုအရ အဆိုပါအဖွဲ့အစည်းသည် ၂၀၁၆ ခုနှစ်တွင် "ယူနန်ပြည်နယ် ကျောက် လုပ်ငန်း၏ (၁၂) ကြိမ်မြောက် (၅)နှစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေ သုံးသပ်ချက်" နှင့် "ယူနန်ပြည်နယ် ကျောက်လုပ်ငန်း (၁၃)ကြိမ်မြောက် (၅)နှစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း" ရေးဆွဲဖွဲ့စည်းခြင်းစသည့် လုပ်ငန်းများကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ရှေ့လုပ်ငန်းစဉ်များတွင် ၂၀၂၀ ခုနှစ်၌ ယူနန်ပြည်နယ် ကျောက်လုပ်ငန်း၏ထုတ်လုပ်မှုတန်ဖိုးသည် တရုတ်ယွမ်ငွေ(၁၆၀)ဘီလီယံအထက်သို့ ရောက်ရှိနိုင်ကာ ၀န်ထမ်းပေါင်း (၁.၈)သန်းခန့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

  ယူနန်ကျောက်လုပ်ငန်းသည် "(၁၂)ကြိမ်မြောက် (၅)နှစ်စီမံကိန်း" ကာလအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိခဲ့ကာ ၂၀၁၅ ခုနှစ် ကျောက်လုပ်ငန်းထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ (၈၅.၃)ဘီလီယံခန့်အထိရောက်ရှိခဲ့ပါသည်။ နောင် (၅)နှစ်အတွင်း ယူနန်ပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးကျောက်၊ ကျောက်မျက်ရတနာ၊ အလှဆင်ကျောက်စ သည်ဖြင့် ကျောက်လုပ်ငန်းများကို စုစည်းထားသည့် စက်မှုဥယျာဉ် တည်ဆောက်လုပ်သွားရန် စီစဉ်ထားကာ ဆောက်လုပ်ရေးဆိုင်ရာ ကျောက်လုပ်ငန်းအားကောင်းစေရန်၊ ကျောက်မျက်ရတနာလုပ်ငန်းတိုးချဲ့ရန်၊ အလှဆင် ကျောက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ယူနန်၏ ထူးခြားဝိသေသလက္ခဏာ များ ပါဝင်သော ဆောက်လုပ်ရေးကျောက်ပစ္စည်းများ၊ အလှဆင်ကျောက်ပစ္စည်းများနှင့် လက်မှုအနုပညာ ကျောက် ပစ္စည်းများကို အလေးထားမြှင့်တင်သွားမည်ဖြစ်ကာ ထုတ်လုပ်မှုလုပ်ငန်းအတိုင်းအတာနှင့် အထူးဝိသေသ လက္ခဏာ များကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယူနန်ကျောက်လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်မှာ တရုတ်နိုင်ငံ၏ ခေတ်မီနာမည်စာရင်းသို့ ၀င်ရောက်သွားကာ တရုတ်တစ်နိုင်ငံလုံးနှင့် တောင်အာရှ၊ အရှေ့တောင်အာရှတို့ကို ဦးတည် နေသော ကျောက်ထုတ်လုပ်မှုလုပ်ငန်းအခြေစိုက်စခန်းဆောက်လုပ်သွားမည်ဖြစ်ပြီး ကျောက်လုပ်ငန်းမှတစ်ဆင့် ကမ္ဘာ့ရှေ့တန်းသို့ ရောက်ရှိသွားနိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။

  ကူမင်းသတင်းကွန်ယက်မှ ကောက်နုတ်ဖော်ပြသည်။