中文┊ English 缅文
ယူနန်ပြည်နယ် လုံချွမ်းအထွေထွေလေဆိပ် လာမည့်နှစ်နှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးမည်ဟုခန့်မှန်း
Date:2017-09-20    

  မကြာသေးမီက ယူနန်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် "ယူနန် ပြည်နယ် လုံချွမ်းအထွေထွေလေဆိပ်စီမံကိန်း ပတ်ဝန်းကျင်ထိန်းသိမ်းလေ့လာမှုအစီရင်ခံစာ"ကို ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရှမ်းတိုင်းရင်းသား ဂျိမ်းဖော တိုင်း ရင်းသားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင် ကျင်ဟန်ကျေးရွာအုပ်စု ကွမ်ဆုန့်ရွာတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး အထွေထွေဘက်စုံလေဆိပ်အဖြစ် အသုံးပြုသွားရန် စီစဉ်ထားကာ အလျား (၁၅၀၀)မီတာ၊ အကျယ် (၃၀)မီတာခန့်ရှိသော လေယာဉ်ပြေး လမ်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ပျံသန်းဇုန် အဆင့်မှာ 2B ဖြစ်ပြီး လေယာဉ်ဆင်းတက်ရာနေရာ (၈)ခုရှိမည်ဖြစ် ကာ လေဆိပ်အထွေထွေ အဆောက်အဦး မျက်နှာပြင်ဧရိယာမှာ စတုရန်း မီတာ(၂၀၀၀)ခန့်ရှိကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းကို ၂၀၁၇ခုနှစ် နှစ်ဆန်းပိုင်း တွင် စတင်အကောင် အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်း ထားကြောင်း သိရပါ သည်။

  လုံချွမ်းအထွေထွေလေဆိပ်ဆောက်လုပ်ခြင်းအားဖြင့် ရွှေလီနိုင်ငံတော်အလေးထား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စမ်းသပ်ရေးဇုန် ပိုမိုတိုးတက်စေရန်အတွက် အထောက်အကူပြုစေနိုင်မည်ဖြစ်ကာ တရုတ်နိုင်ငံမှ တောင်အာရှ၊ အရှေ့ တောင်အာရှဒေသများသို့ စီးပွားရေးဖြန့်ကျက်မှုကိုလည်း တစ်ဖြည်းဖြည်းတိုးချဲ့လာနိုင်မည်ဖြစ်ပြီး နယ်စပ်ဒေသ တစ်လျှောက်ရှိ လမ်းပန်းဆက်သွယ်ရေးအခြေအနေကောင်းမွန်စေရန်အတွက် အထောက်အကူပြုစေနိုင်မည်ဖြစ် ကြောင်း သိရပါသည်။

  (ယူနန်ကွန်ယက်မှ ကောက်နုတ်ဖော်ပြသည်။)