中文┊ English 缅文
မြန်မာ့ဖရဲ တရုတ်နိုင်ငံ၏ GAP ထောက်ခံချက်လက်မှတ်ရရှိ
Date:2017-09-20    

  မကြာသေးမီရက်ပိုင်းတွင် ရွှေလီကုမ္ပဏီတစ်ခုမှပိုင်ဆိုင်သော မြန်မာနိုင်ငံ၏ ဖရဲစိုက်ပျိုးအခြေစိုက်စခန်းတွင် တရုတ်နိုင်ငံ၏ GAP ထောက်ခံချက်လက်မှတ်ကိုရရှိခဲ့ပြီး ထောက်ခံချက်လက်မှတ်ရရှိသည့်ဧရိယာမှာ (၆၂၂၀) မိုဖြစ်ပြီး ဤသည်မှာအရှေ့တောင်အာရှနိုင်ငံတွင် ပထမဦးဆုံး ထောက်ခံချက်လက်မှတ်ရရှိခြင်းဖြစ်ကြောင်း သိရပါသည်။

  GAP ထောက်ခံချက်လက်မှတ်သည် အဓိကအားဖြင့် ပဏာမအဆင့်စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှု ကိုဦးစားပေးခြင်းဖြစ်ပြီး ဓာတ်မြေသြဇာနှင့်ဆေးဝါးပစ္စည်း အသုံးပြုမှုကိုလျော့ချရန်အာပေးခြင်း၊ စိုက်ပျိုးရေး ထုတ် ကုန်ပစ္စည်း ဘေးကင်းလုံခြုံစွာထုတ်လုပ်နိုင်မှုကို အာမခံရန်အတွက်ဖြစ်ပါသည်။ ထုတ်ကုန် ပစ္စည်းများပြည်ဝင်ပိုးမွှား ကင်းစင်စစ်ဆေးရေးစမ်းသပ်စစ်ဆေးစဉ် တရုတ်နိုင်ငံပိုးမွှားကင်းစင်စစ်ဆေးရေးဌာန မှထောက်ခံချက်လက်မှတ် ရလဒ်ကို အပြည့်အဝယုံကြည်လျက်ရှိခြင်းကြောင့် အဆိုပါထောက်ခံချက်လက်မှတ် ရရှိထားသည့် စီးပွားရေးလုပ်ငန်း နှင့် ကုန်ပစ္စည်းများကို နမူနာအချိုးလျော့ချပေးခြင်း၊ ဦးစားပေးစစ်ဆေးခြင်း၊ လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့ စေ ခြင်း စသည့် အကောက်ခွန်ရှင်းလင်းရေးလွယ်ကူဆောင်ရွက်ချက်များ ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ ထောက်ခံချက်လက်မှတ် ရရှိထားသောထုတ်ကုန်ပစ္စည်းများကို ကုတ်နံပါတ်ဖတ်စိစစ်အတည်ပြုခြင်းမှတစ်ဆင့် လျင်မြန်သော(၁) မိနစ်အကောက်ခွန်ရှင်းလင်းရေးကို ဆောင် ရွက်နိုင်ပါသည်။ GAP ထောက်ခံချက်လက်မှတ်မှ တစ်ဆင့် ထုတ်ကုန်ပစ္စည်းအရည်အသွေးနှင့်ဘေးကင်းလုံခြုံ အဆင့်များကို သင့်လျော်သောစံချိန်စံညွှန်းနှင့် အညီ ပြသခြင်းဖြင့် စားသုံးသူများ၏ယုံကြည်ချက်ကိုလည်း တိုး မြင့်ပေးနိုင်သော အကျိုးရလဒ်ရှိပြီး ထုတ်ကုန်ပစ္စည်း ဈေးကွက် ယှဉ်ပြိုင်မှုကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

  (ယူနန်နေ့စဉ်သတင်းစာမှကောက်နှုတ်ဖော်ပြသည်)