中文┊ English 缅文
တရုတ်နိုင်ငံ ချင်းတောင်မြို့၏ ပင်လယ်စာတင်သွင်းမှုပမာဏ ယခင်နှစ်ကာလတူထက် အဆပေါင်း(၆၀၀)မြှင့်တက်
Date:2017-12-24    

  ၂၀၁၇ ခုနှစ်တွင် ချင်းတောင်မြို့ ပင်လယ်စာတင်သွင်းမှုပမာဏမြှင့်တက်လာပြီး တင်သွင်းမှုပမာဏမှာ ယခင်နှစ် ကာလတူထက် အဆပေါင်း(၆၀၀)မြှင့်တက်လာကြောင်း သိရပါသည်။

  ယခုနှစ်တွင် ကနေဒါ Dungeness ဂဏန်း၊ ချီလီ Chilled Salmon၊ Panopea Generosa၊ ကိုရီးယားလက်ဝါး ဗောင်းငါးစသည့် လတ်ဆတ်သော ရေထွက်ကုန်များမှ ချင်းတောင်မြို့သို့ ဆိုက်ရောက်လျက်ရှိပါသည်။ သွင်းကုန်အစား အသောက်ရေထွက်ကုန်၏ သတ်မှတ်ဆိပ်ကမ်းဖြစ်သည့်အလျောက် ချင်းတောင်လေဆိပ် အရည်အသွေးကြီးကြပ် စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေးဦးစီးဌာနသည် ချင်းတောင်ဆိပ်ကမ်း၌် အလျင်မြန်ဆုံး၊ ဝန်ဆောင်မှုအကောင်းဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးသော ဆိပ်ကမ်းဖြစ်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

  ကိန်းဂဏန်းတွက်ချက်မှုများအရ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ချင်းတောင်ဆိပ်ကမ်း၏ရေထွက် ကုန်အရှင်တင်သွင်းမှုမှာ (၉၄)သုတ်၊ တန်ချိန်(၅၇.၇၆)၊ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁၀)သိန်းကျော်ခန့်ရှိ ကြောင်း သိရပါသည်။ ထိုအနက် ရေခဲရိုက်ရေထွက်ကုန်တင်သွင်းမှုတန်ချိန်မှာ (၃၁.၀၆)တန်ရှိပြီး တင်သွင်းမှုပမာဏ မှာ အမေရိကန်ဒေါ်လာ (၃.၆)သိန်းရှိကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူထက် အဆပေါင်း(၆၀၀)နှင့် (၃၀၀)အ သီးသီးမြင့်တက်လာကြောင်း သိရပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ငှက်သိုက်တင်သွင်းမှုမှာအကြိမ်ပေါင်း (၁၀၅)သုတ်ရှိပြီး တင်သွင်းတန်ချိန်(၅.၆၁)တန်ရှိကာ တင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ သိန်း(၉၀)ရှိပြီး ယခင် နှစ်ကာလတူထက် ၄၀%၊ ၅၄.၅%နှင့် ၅၈.၂% အသီးသီးမြှင့်တက်လာကြောင်း သိရပါသည်။

  ပင်လယ်စာလမ်းညွှန်မှကောက်နုတ်ဖော်ပြသည်။