中文┊ English 缅文
ဒီဇင်ဘာလ၊ ၂၆ ရက်နေ့က ရွှေလီမြို့၌ တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲကျင်းပပြုလုပ်
Date:2018-01-30    

  တရုတ်-မြန်မာနယ်စပ်ကုန်စည်ပြပွဲကို ဒီဇင်ဘာလ၊ ၂၆ ရက်နေ့က ယူနန်ပြည်နယ် ရွှေလီမြို့၌ကျင်းပပြုလုပ်ခဲ့ပါ သည်။ ယခု အကြိမ်ပြုလုပ်ကျင်းပသည့် နယ်စပ်ကုန်စည်ပြပွဲအတောအတွင်း တရုတ်-မြန်မာ ပို့ကုန်သွင်းကုန်ဆိုင်ရာဆွေးနွေးခြင်း၊ ကုန်သွယ် စီးပွားစီမံကိန်းလက်မှတ်ရေးထိုးခြင်းစသည့်လှုပ်ရှားမှုများအပြင် တရုတ်မြန်မာ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေးနွေးပွဲ၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီအစည်းအဝေး၊ တက်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြား ဆွေးနွေးပွဲ၊ တရုတ်- မြန်မာကုန်သည်ကြီးများအသင်းအစည်းအဝေး၊ တရုတ် -မြန်မာ ခရီးသွားနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး နှင့်ဖလှယ်ရေး၊ တရုတ်- မြန်မာ ယဉ်ကျေးမှုအနုပညာဖျော်ဖြေပွဲစသည့် လှုပ်ရှားပွဲများကိုလည်း ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

  ပြပွဲအခမ်းအနားတွင် ပြခန်းပေါင်း(၄၃၀)ခု (အတွင်းပြခန်း (၁၈၀)ခု၊ အပြင်ပြခန်း (၂၅၀)ခု)နှင့် စက်ယန္တရားပြခန်းတချို့ ပြသခဲ့ပါသည်။ ပြပွဲကျင်းပသည့်ကာလအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံလုပ်ငန်းများမှ စားသောက်ကုန်၊ အဝတ်အထည်၊ အိမ် သုံးလျှပ်စစ်ပစ္စည်း၊ ရွှေထည်ငွေထည်၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်း၊ ဆေးဝါး၊ ကျောက်မျက်ရတနာ၊ ပန်းမာန်၊ မဟော်ဂနီ၊ လက်မှုအနုပညာ၊လျှပ်စစ်ပစ္စည်းစသည့် ထုတ်ကုန်များကို ပြသသွားမည်ဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်ကုန်စည်ပြပွဲသည် အတိုင်းအတာပမာဏကြီးမားပြီး၊ အဆင့်မြင့်ကာ အကျိုးသက်ရောက်မှုကြီးမားပါသည်။ ရင်းနှီးမြှုပ်နှံဆွေးနွေးမှု၊ ကုန်သွယ်မှု၊ ကုန်စည်ပြသရောင်းချမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွား မိတ်ဆက်မှု၊ ယဉ်ကျေးမှုဖလှယ်ခြင်းစသည့်ကဏ္ဍများတွင် အပြုသဘော ဆောင်သည့် အကျိုးသက်ရောက်မှုများရှိပြီး ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာစီးပွားရေးစင်္ကြံလမ်း ၊ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် အရေးပါသော အကျိုးသက်ရောက်မှုရှိ ကြောင်း သိရပါသည်။

  m.ruili.gov.cn မှကောက်နုတ်ဖော်ပြသည်။