中文┊ English 缅文
ယူနန်ဆိပ်ကမ်းဂိတ် အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေးလုပ်ငန်းစဉ်များ ဖြေလျော့ပေးနေ စက္ကန့်ပိုင်းအတွင်း ဖြတ်သန်းလာနိုင်
Date:2018-03-12    

  လုပ်ငန်းစဉ်များ အဆက်မပြတ် အဆင့်မြှင့်တင်ခြင်းနှင့် ဆန်းသစ်တီထွင်မှုတို့ကြောင့် နယ်စပ်ဂိတ်စစ်ဆေးရေး လုပ်ငန်းသည် အကျိုးသက်ရောက်မှု မြှင့်တက်လာခဲ့ရှိပြီး တစ်ခုစီစစ်ဆေးမှုပုံစံဖြင့် ဘက်စုံမှ စတင်စစ်ဆေးနေပြီး ဆိပ်ကမ်းဂိတ်ပြည်ဝင် ပြည်ထွက်မှုကုန်စည်များ လျင်မြန်စွာ အကောက်ခွန်ဖြတ်သန်းခြင်းကို အကောင်အထည် ဖော် နိုင်ခဲ့ကြောင်း ယူနန်ပြည်နယ်ပြည်ဝင်ပြည်ထွက် အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့်ပိုးမွှားကင်းစင်ရေးဦးစီးဌာန၏ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

  လက်ရှိ ယူနန်ဆိပ်ကမ်းဂိတ်များတွင် (၃)စက္ကန့်အတွင်း တစ်ဦးတစ်ယောက်၏ ပြည်ဝင်ပြည်ထွက် အထောက်အ ထားများကို လျင်မြန်စွာ Scan ဖတ်ပေးနိုင်ခြင်း၊ ကိုယ်ရေးသတင်းအချက်အလက်များ အလိုအလျောက်စုစည်းပေးနိုင် ခြင်း၊ အနီးကပ်မျက်နှာခွဲခြားစစ်ဆေးပြီး ဓာတ်ပုံရိုက်ကူးနိုင်ခြင်းစသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။ လုပ်ငန်းများ၏ လျှောက်ထားစစ် ဆေးမှုလုပ်ငန်းစဉ်များကိုလည်း (၅)မိနစ်အတွင်း လုပ်ဆောင်ပေးနိုင် သည်။ လုပ်ငန်းလျှောက်ထားမှုကိန်းဂဏန်းများကို စီမံကိန်းအတွင်းထပ်မံအသုံးပြုပါက ၃၀% လျော့ချနိုင်မည် ဖြစ် သည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာ လအတွင်း အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး ဌာန၏ လျှောက်ထားမှုလုပ်ငန်းစဉ်သည် ဇန်နဝါရီ လထက် ၃၃%ခန့် တိုတောင်းသွားပြီဖြစ်ကာ ကုန်စည် အသုတ် တိုင်း၏ အကောက်ခွန်ဌာနကျော်ဖြတ်မှုအချိန်သည်လည်း ပျှမ်းမျှအားဖြင့် (၀.၅)ရက်ခန့် သက်သာစေခဲ့သည်။ အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေးဌာန၏ပြီးဆုံးမှုနှုန်းမှာ ၃၀%ခန့်မြှင့်တက်လာခဲ့ပြီး စစ်ဆေး ချိန်မှာလည်း ပျှမ်းမျှအားဖြင့် ၁၁%ခန့် လျော့နည်းသွားခဲ့သည်။ သစ် သီး၊ ရေထွက်ကုန်တင်သွင်းမှုတွင်လည်း ဂိတ်၏ အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေးအကောက်ခွန်အပိုင်းတွင် လုံးဝကျန်ရှိမှု မရှိသည်အထိကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ သစ်သီးများစစ်ဆေးပြီးစီးမှုအချိန်ကိုလည်း မူလ(၁-၂)ရက်မှ(၂-၃)နာရီအထိ လျှော့ ချပေးနိုင်ခဲ့သည်။ ထိုအနက် ပို့ကုန်သွင်းကုန်စစ်ဆေးလျှောက်ထားမှု Paperless စက္ကူအသုံးမပြုမှုလည်း ၉၆% အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

  www.yunnan.cn မှ ကောက်နုတ်ဖော်ပြသည်။